မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေသည့် COVID-19 ဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ရေး နာမည်ကြီး မြန်မာ အားကစားသမားများက လူမှု ကွန်ရက်မှတစ်ဆင့် လှုံ့ဆော်မှု များ ပြုလုပ်နေသည်။
အဆိုပါ အားကစားသမား များတွင် MMA (One Championship) ဝိတ်တန်းနှစ်ခု ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်၊ မြန် မာ့လက်ရွေးစင် ကြက်တောင် မယ် သက်ထားသူဇာ၊ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း ခေါင်းဆောင် ကျော်ဇင်ထက်၊ တိုက်စစ်မှူး သန်းပိုင်နှင့် ဒေးဗစ် ထန်းတို့ ပါဝင်သည်။
ယင်းကစားသမားများသည် COVID-19 ဗိုင်းရပ်စ် ကာကွယ် ရေး ဆောင်ရွက်ရမည့် အစီအစဉ် များကို လူမှုကွန်ရက်မှတစ်ဆင့် ပရိသတ်များကို အသိပေးပြော ကြားခြင်းဖြစ်သည်။
‘‘တစ်ကိုယ်ရေ သန့်ရှင်းမှုကို စစ်ဆေးပါ။ လက်များကို သေချာ ဆေးကြောပြီး ခန္ဓာကိုယ် သန့်ရှင်း မှုကို ဂရုစိုက်ပါ။ ကိုယ်တွင်းအာ ဟာရဓာတ်များ ပြည့်ဝစေရန် ကောင်းမွန်စွာ စားသုံးပါ။ အိပ် ရေး၀၀ အိပ်ပါ။ လူထူထပ်သော နေရာများကို ရှောင်ရှားပါ။ ပြင်ပ ရောဂါတွေ မဝင်စေဖို့ လေ့ကျင့် ခန်းများများ ပြုလုပ်ပြီး ကိုယ်ခံ စွမ်းအား မြင့်မားအောင် လုပ် ဆောင်ပါ’’ ဟု အောင်လအန်ဆန် နှင့် ၎င်း၏ MMA ကစားဖော်များ က One Championship လူမှု ကွန်ရက်မှတစ်ဆင့် လှုံ့ဆော်ခဲ့ သည်။ COVID-19 အန္တရာယ်ကို ကျော်လွှားနိုင်ရေး ပြည်ပပြန် မြန်မာနိုင်ငံသားများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန လမ်းညွှန်ချက်အတိုင်း ပူးပေါင်းပါဝင်ရန် မြန်မာ့လက် ရွေးစင် အသင်းခေါင်းဆောင် ကျော်ဇင်ထက်က တိုက်တွန်း သည်။ ထို့အပြင် COVID-19 ဗိုင်းရပ်စ်ကို ပြည်သူများ အစိုးရိမ်မ လွန်ဘဲ အချင်းချင်း စည်းလုံး၍ ဖေးမကူညီပြီး ကပ်ရောဂါဆိုးကို ကျော်ဖြတ်ရန် သက်ထားသူဇာ က လူမှုကွန်ရက်၌ ရေးသားခဲ့ သည်။ ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန ထုတ်ပြချက်အရ မြန်မာနိုင်ငံတွင် မတ်လ ၂၇ ရက် ညနေအထိ COVID-19 ရောဂါ ပိုးကူးစက်ခံရသူ ငါးဦးရှိပြီး စောင့် ကြည့်နှင့် သံသယလူနာဦးရေ စုစုပေါင်း ၂၀၀ ကျော် ရှိသည်။Credit https://7day.news/........
Comments
Post a Comment