ထိုင်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၄၉ ဦး မြဝတီနယ်စပ်သို့ ယနေ့မနက်ပိုင်း ပြန်လည်ဝင်ရောက်လာ

ယနေ့ ၂၀၂၀ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် နံနက် ၇နာရီအချိန်
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသောနေရပ်ပြန်လိုသူ
ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို နိုင်ငံတော်အစိုးရ၏ စီစဥ်ဆောင်ရွက်ပေးခြင်းကြောင့် ဗန်ကောက်မြို့၊ မော်ချစ်ကားဂိတ်မှ မော်တော်ယာဥ်များဖြင့် မြဝတီမြို့နယ်စပ်၊ ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတားပေါ်မှတဆင့် အမိမြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခြင်းကို
မြဝတီမြို့၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင်၊ ခရိုင်ရဲမှူး ဒုရဲမှူးကြီးသက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ ခရိုင်လဝကဦးစီးမှူး ဦးအောင်ခိုင်ဆွေ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း(VOLUNTEER Kayin State/MMG)များမှ နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြပြီး ပြန်လည်ဝင်ရောက်လာသူအားလုံးကို WFPမှ ထမင်းနဲ့ သောက်ရေသန့်များ လှူဒါန်းပေးနေပါတယ်ခင်ဗျာ....
၂၀၂၀ခု နှစ်၊ မေလ ၁ ရက်နေ့မှ မေလ ၂၇ရက်နေ့အထိ
ပြန်လည်ဝင်ရောက်လာသူစုစုပေါင်း ၆၀၀၀ဦးနီးပါးခန့် မြဝတီBCFဇုန်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ အေးချမ်းလုံခြုံစွာဖြင့် ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်ခင်ဗျာ....
Cretid#သန့်ဇင်အောင်(၂၇/ ၅/ ၂၀၂၀)........

Comments