နယ်စပ်တောလမ်းမှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၃၅ ဦးကို ဘုရားသုံးဆူမြို့အနီးရှိ စံခလပူရီမြို့ Sangkhlaburi ၌ မေလ ၂၆ ရက်နေ့ ညပိုင်းက ထိုင်းအာဏာပိုင်များ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှ ထိုင်းနယ်မြေ စံခလယ်ရွာ-ဖားချောင်းရွာ Huai Kob သို့ တောလမ်းမှတဆင့်ဝင်ရောက်လာပြီး စံခလပူရီမြို့သို့ မော်တော်ကား ၃ စီးဖြင့် သွားရောက်စဉ် ဝင်းကရွာ Wonka အဝင် လမ်းသုံးခွရဲဂိတ်ရှေ့၌ ဖမ်းဆီးရမိကြောင်း Kanchanaburi ဒေသတွင်းသတင်းများ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြသည်။
၎င်းတို့သည် စံခလပူရီမှတဆင့် ပဲ့ချိတ်စက်လှေများဖြင့် ကွေးမြစ် Kwai river လမ်းကြောင်းအတိုင်း Thong Pha Phum မြို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ပြီး ထိုမှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်း ကန်ချနပူရီနှင့် ပရာချွတ်ခီရီခန်ပြည်နယ်များသို့ သွားရောက်ကြမည်ဟု ရဲစခန်း၌ ထွက်ဆိုထားသည်။
ဖမ်းဆီးရမိသူများတွင် မြန်မာအလုပ်သမားပတ်စပို့ကိုင်ဆောင်ထားသူ ၃၀ ဦးနှင့် စာရွက်စာတမ်းအထောက်အထားလုံးဝမရှိသူ ၅ ဦးပါဝင်ပြီး ၎င်းတို့အားလုံးကို စံခလပူရီခရိုင် ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည်။
လက်ရှိ Covid-19 ရောဂါထိန်းချုပ်စဉ်ကာလအတွင်း ထိုင်းနိုင်ငံက ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အပြင်၂၀၂၀ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည့် ကန်ချပူရီပြည်နယ်၏ ကူးစက်ရောဂါကော်မတီအမိန့်အရ မော်တော်ယာဉ်မောင်းအပါအဝင် အဆိုပါမြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားစွဲဆိုခံရမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်သမား ၅ သိန်းခန့် ယခုအခါအလုပ်လက်မဲ့ဖြစ်နေပြီး ဘန်ကောက်ရှိမြန်မာသံရုံးစီအစဉ်မှုဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအများအပြား အကန့်အသတ်ဖြင့် နေရပ်ပြန်နေသည့်အချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။
Photo- ဖမ်းဆီးသူထိုင်းအာဏာပိုင်များနှင့် ဖမ်းဆီးခံရသူမြန်မာရွှေ့ပြောင်းများ ဓါတ်ပုံမှတ်တမ်း
(ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี)
======================================
ထိုင္းႏိုင္ငံသို႔ ဝင္ေရာက္သူျမန္မာေ႐ႊ႕ေျပာင္း ၃၅ ဦး စံခလပူရီၿမိဳ႕တြင္ဖမ္းဆီးမိ
====================================
======================================
ထိုင္းႏိုင္ငံသို႔ ဝင္ေရာက္သူျမန္မာေ႐ႊ႕ေျပာင္း ၃၅ ဦး စံခလပူရီၿမိဳ႕တြင္ဖမ္းဆီးမိ
====================================
မြန္သတင္းေအဂ်င္စီ (ေမ ၂၇)
နယ္စပ္ေတာလမ္းမွတဆင့္ ထိုင္းႏိုင္ငံသို႔ ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသား ေ႐ႊ႕ေျပာင္းအလုပ္သမား ၃၅ ဦးကို ဘုရားသုံးဆူၿမိဳ႕အနီးရွိ စံခလပူရီၿမိဳ႕ Sangkhlaburi ၌ ေမလ ၂၆ ရက္ေန႔ ညပိုင္းက ထိုင္းအာဏာပိုင္မ်ား ဖမ္းဆီးလိုက္ေၾကာင္း သတင္းရရွိသည္။
ျမန္မာနယ္စပ္ ဘုရားသုံးဆူေဒသမွ ထိုင္းနယ္ေျမ စံခလယ္႐ြာ-ဖားေခ်ာင္း႐ြာ Huai Kob သို႔ ေတာလမ္းမွတဆင့္ဝင္ေရာက္လာၿပီး စံခလပူရီၿမိဳ႕သို႔ ေမာ္ေတာ္ကား ၃ စီးျဖင့္ သြားေရာက္စဥ္ ဝင္းက႐ြာ Wonka အဝင္ လမ္းသုံးခြရဲဂိတ္ေရွ႕၌ ဖမ္းဆီးရမိေၾကာင္း Kanchanaburi ေဒသတြင္းသတင္းမ်ား လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပသည္။
၎တို႔သည္ စံခလပူရီမွတဆင့္ ပဲ့ခ်ိတ္စက္ေလွမ်ားျဖင့္ ေကြးျမစ္ Kwai river လမ္းေၾကာင္းအတိုင္း Thong Pha Phum ၿမိဳ႕သို႔ ဆက္လက္သြားေရာက္မည္ျဖစ္ၿပီး ထိုမွတဆင့္ ထိုင္းႏိုင္ငံအတြင္းပိုင္း ကန္ခ်နပူရီႏွင့္ ပရာခြၽတ္ခီရီခန္ျပည္နယ္မ်ားသို႔ သြားေရာက္ၾကမည္ဟု ရဲစခန္း၌ ထြက္ဆိုထားသည္။
ဖမ္းဆီးရမိသူမ်ားတြင္ ျမန္မာအလုပ္သမားပတ္စပို႔ကိုင္ေဆာင္ထားသူ ၃၀ ဦးႏွင့္ စာ႐ြက္စာတမ္းအေထာက္အထားလုံးဝမရွိသူ ၅ ဦးပါဝင္ၿပီး ၎တို႔အားလုံးကို စံခလပူရီခ႐ိုင္ ရဲစခန္း၌ ဖမ္းဆီးထိန္းသိမ္းထားသည္။
လက္ရွိ Covid-19 ေရာဂါထိန္းခ်ဳပ္စဥ္ကာလအတြင္း ထိုင္းႏိုင္ငံက ညမထြက္ရအမိန႔္ထုတ္ျပန္ထားသည့္အျပင္၂၀၂၀ ခုႏွစ္ ဧၿပီလ ၁၃ ရက္ေန႔တြင္ ထုတ္ျပန္ထားသည့္ ကန္ခ်ပူရီျပည္နယ္၏ ကူးစက္ေရာဂါေကာ္မတီအမိန႔္အရ ေမာ္ေတာ္ယာဥ္ေမာင္းအပါအဝင္ အဆိုပါျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား တရားစြဲဆိုခံရမည္ျဖစ္ေၾကာင္း သိရသည္။
ကိုဗစ္ကပ္ေရာဂါေၾကာင့္ ထိုင္းႏိုင္ငံအတြင္း အလုပ္သမား ၅ သိန္းခန႔္ ယခုအခါအလုပ္လက္မဲ့ျဖစ္ေနၿပီး ဘန္ေကာက္ရွိျမန္မာသံ႐ုံးစီအစဥ္မႈျဖင့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားအမ်ားအျပား အကန႔္အသတ္ျဖင့္ ေနရပ္ျပန္ေနသည့္အခ်ိန္ႏွင့္လည္း တိုက္ဆိုင္လ်က္ရွိသည္။
Photo- ဖမ္းဆီးသူထိုင္းအာဏာပိုင္မ်ားႏွင့္ ဖမ္းဆီးခံရသူျမန္မာေ႐ႊ႕ေျပာင္းမ်ား ဓါတ္ပုံမွတ္တမ္း
(ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี)........
Comments
Post a Comment