မေလ (၂၈)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၅၀၃)ဦး ဆက်လက်ဝင်ရောက်
ကရင်ပြည်နယ် ၊ မေ (၂၈)
မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ဂိတ်မှ ယနေ့မေလ (၂၈) ရက်နေ့၊ နံနက် (၇) နာရီအချိန်တွင် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမား (၅၀၃) ဦး ပြန်လည်ဝင်ရောက်ကြောင်းသိရပါသည်။
ယခုပြန်လည်ဝင်ရောက်လာသူများအား နိုင်ငံတော်အစိုး၏စီစဥ်ဆောင်ရွက်မှုဖြင့် ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ ကားတစ်စီးလျှင် လူ(၂၁)ဦးစီဖြင့် ကားအစီးရေ(၂၄)စီးဖြင့် နံနက်(၅)နာရီအချိန်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ဂိတ်သို့ ရောက်ရှိလာကြပြီး မြဝတီခရိုင် တာဝန်ရှိသူများက မှန်လုံယာဥ်ကြီးများဖြင့် သွားရောက်ကြိုဆိုပေးခဲ့ကြကာ နံနက်(၇)နာရီအချိန်တွင် မြဝတီနယ်စပ်ဂိတ်(BCF)ဇုန်သို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရပါသည်။
Comments
Post a Comment