ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရင်လည်း ထုတ်ပယ်ခံရမှာကို စိုးရိမ်မှုမရှိဘူးလို့ ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက ပြောပါတယ်။
ရီးရဲလ်အသင်းဟာ ဒီဇင်ဘာ ၉ ရက်နေ့မှာ မိုချန်ဂလာဘက်အသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။ ၅ ပွဲကစားအပြီးမှာ ၇ မှတ်နဲ့ အုပ်စုတတိယနေရာမှာ ရပ်တည်နေတဲ့ ရီးရဲလ်အသင်းအတွက် အုပ်စုတက်ရေးအဆုံး အဖြတ်ပွဲစဉ်ဖြစ်ပြီး အနိုင်ရမှ နောက်တဆင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
စပိန်မီဒီယာ တချို့ကတော့ မိုချန်ဂလာဘက်နဲ့ ပွဲမှာရှုံးနိမ့်ခဲ့ရင် ရီးရဲလ်အသင်းက နည်းပြဇီဒန်းကို ထုတ်ပယ်လိမ့်မယ်လို့ ရေးသားနေကြတာပါ။
နည်းပြဇီဒန်းကတော့ နိုင်ပွဲရဖို့သာ အာရုံစိုက်ထားပြီး ထုတ်ပယ်ခံမှာကို စိုးရိမ်မှုမရှိကြောင်း ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
မိုချန်ဂလာဘက်နဲ့ ပွဲမှာ အနိုင်သုံးမှတ်ရယူပြီး အုပ်စုပထမနေရာကို ရယူသွားမယ်လို့လည်း နည်းပြဇီဒန်းက ပြောပါတယ်။DVB........
Comments
Post a Comment