ယုဇနဥယျာဉ်မြို့တော်တွင် သံပုံးတီးလျှင် ဖမ်းဆီးမည်ဟု ပြည်သူကို ကြိမ်း မောင်းသော ၇၈ ရပ်ကွက် ရာအိမ်မှူး ၀ဏ္ဏစိုး သေနတ်ပစ်ခံရပြီး သေဆုံး


ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် ၇၈ရပ်ကွက်၏ စစ်ကောင်စီခန့် ရာအိမ်မှူး ၀ဏ္ဏစိုးသည် ယနေ့ ညနေ ၄နာရီဝန်းကျင်ခန့်အချိန်တွင် နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
"သူ့အိမ်မှာ ဒီနေ့ ညနေပိုင်းက သေနတ်သံ သုံးချက်ကြားလိုက်ရတယ်။ သူက ရပ်ကွက်ထဲမှာ သုံးပုံးတီးရင် ဖမ်းမယ်လို့ ကြိမ်း မောင်းထားထားတာ။ သေနတ်ဒဏ်ရာသုံးချက်နဲ့ပါ၊ဆေးရုံအသွားလမ်းမှာတင်သေသွားပါတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။
အလားတူ ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် တောင်ဒဂုံ ၅၃ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးကို ဆိုင်ကယ်တစ်စီးဖြင့် လူ ၃ ဦးက လာရောက် ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး အပါအဝင် ရယကများ အချိန်မီ ရှောင်တိမ်းနိုင်၍ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။........

Comments