၂ နာရီထက်မနည်းသောအချိန်ပိုခိုင်းစေလျင် နားချိန် မိနစ် ၂၀ စီစဉ်ပေးရမည်


အလုပ်ရှင်သည် အလုပ်သမားအား ၂ နာရီထက်မနည်းသော အချိန်ပို (အိုတီ) ခိုင်းစေလျင် အချိန်ပို
မဆင်းမီ မိနစ် ၂၀ ထက်မနည်းသောနားချိန်ကို စီစဉ်ပေးရမည်ဟု ထိုင်းအလုပ်သမားကာကွယ်ရေးဉပဒေ
ပုဒ်မ ၂၇ တွင် ဖော်ပြထားသည်။
.
ထို့ကြောင့် အလုပ်သမားသည် ၂ နာရီထက်မနည်းသောအိုတီဆင်းမည့်အခါ အနည်းဆုံးမိနစ် ၂၀ နား ပိုင်ခွင့်ရှိသည်။
.
သို့သော် ၂ နာရီထက်မပိုသော သို့မဟုတ် ၂ နာရီတိတိအချိန်ပိုခိုင်းစေသည့်အခါ နားချိန်မစီစဉ်ပေးသော်
လည်း ခိုင်းစေနိုင်သည်ဟု ဖော်ပြထားသည်။
.
ကုမ္ပဏီတွင်အလုပ်လုပ်ကိုင်ခြင်း၊ စက်ရုံအလုပ်ရုံတွင်အလုပ်လုပ်ကိုင်ခြင်း၊ အဝေးမှအလုပ်လုပ်ကိုင်ခြင်း၊
အိမ်မှာနေ၍အလုပ်လုပ်ကိုင်ခြင်း စသည့်အလုပ်လုပ်ကိုင်ခြင်းများအကျုံးဝင်သည်ဟု ဖော်ပြထားသည်။
.
အလုပ်သမားများအနေဖြင့် အလုပ်ပင်ပန်းခြင်းမှထိခိုက်မှုမရှိစေရန်၊ အလုပ်ရှင်များအနေဖြင့် အရည်သွေးရှိသောအလုပ်ကိုရရှိစေရန် ရည်ရွယ်၍ နားချိန်သတ်မှတ်ထားခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါ ပုဒ်မကိုအလုပ်ရှင်မှကျူးလွန်ခဲ့လျင် ဘတ် ၂ သောင်းထက်မပိုသောဒဏ်ငွေကို ကျခံနိုင်သည်ဟု
ဖော်ပြထားသည်။
.
Ref: กฎหมายแรงงาน
Photo : MThai
.
#Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Englishpremierleague #Postbykyawkyawoo
........

Comments