မနက်ဖြန် တတိယအကြိမ် အိမ်ခြေ (၅၀၀)စာ ကျပ်သိန်း (၁၅၀)ဖိုး ရေဘေး အလှူအတွက် ပစ္စည်းတွေ ကားတင်ပြီးပြီနေ


(၁) အိမ်ကို ပစ္စည်း - (၁၆) မျိုး ရပါမည်😊
ဒုတိယအကြိမ်က ကျန်ခဲ့သော ကျိုက်မရော ဦးလေးရွာ အိမ်ခြေ (၃၀၀) နဲ့
နောက်တစ်ရွာကတော့ ဖာသိမ်ကမ်းနားဘက် ရောက်ပါမည်😊
အလှူရှင်များ အကျိုးဆောင်များကို ကျေးဇူးတင်ပါသည်🙏
ရေဘေးသင့်ရွာတွေ အများကြီး ရှိနေသေးသလို ရောက်ပြီး လှူပြီးသား ရွာတွေလဲ ရေမကျသေးပဲ နစ်နေဆဲမို့ အလှူငွေရှိရင် ရှိသလို လှူပေးပါမည်😢
ရေကျသွားရင်လဲ (2019) ကလို ပျက်စီးသွားတဲ့ စာသင်ကျောင်းမှ သင်ထောက်ကူပြု ပစ္စည်းများ လှူဒါန်းနိုင်အောင် ကြိုးစားပေးပါမည်😢
ရေအမြန်ကျကာ အမြန်ဆုံး အဆင်ပြေကြပါစေ🙏
အလှူရှင်များလဲ ကိုဗစ်ကင်းကွာ အလုပ်အကိုင်များ အဆင်ပြေကြပါစေ🙏
Crd...Ashin Thihanyana
........

Comments