ဇွန်လ၂၈ ရက်နေ့တွင် မယ်တော်ဆေးခန်းသည်မဲဆောက်မြို့နယ်ကျန်းမာရေးဌာန၏တရားဝင်အ သိအမှတ်ပြုမှုဖြင့် ကိုဗစ်-၁၉ ယာယီကုသရေး


ဇွန်လ၂၈ ရက်နေ့တွင် မယ်တော်ဆေးခန်းသည်မဲဆောက်မြို့နယ်ကျန်းမာရေးဌာန၏တရားဝင်အ သိအမှတ်ပြုမှုဖြင့် ကိုဗစ်-၁၉ ယာယီကုသရေး ဆေးရုံအဖြစ်၊ ရှုပ်ထွေးသောသို့မဟုတ်ပြင်း ထန်သော ရောဂါများဖြစ် ပေါ်နိုင်သည့်အန္တရာယ်နည်းပါးသည်ဟု ယူဆ ရသောရောဂါကူးစက်လူနာ (၆၀)ဦး မှ (၇၀)ဦးအကြားကိုပြုစုကုသပေးလျက်ရှိပါသည်။ မယ်တော်ဆေးခန်းဝန်ထမ်းများ အနေဖြင့်လူနာများ အားနေ့စဉ်ပြုစုကုသပေးရန်တာဝန်ယူသည့်အပြင်၊ မဲဆောက်ဆေးရုံကြီးနှင့် အခြားသော သီးခြား တိုင်းပြည်သူ့ကျန်းမာရေးဌာနများရှိကျန်းမာရေးဝန်ထမ်းများနှင့်အတူတကွ ပူးပေါင်းပါဝင်၍ရောဂါကူး စက်ခံ ရသောလူနာများ၊ ရောဂါပိုမိုဆိုးဝါးလာခြင်းရှိမရှိနှင့် လိုအပ်ပါကအချိန်မီလွဲပြောင်းပို့ဆောင်ပေးနိုင်ရန်အတွက်၊ လူနာများအားအနီးကပ်စောင့်ကြည့်စစ်ဆေးပေးရန် တာဝန်ယူကြရပါသည်။မဲဆောက်မြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းစတင်ချိန်မှစ၍ မယ်တော်ဆေးခန်းသည် မဲဆောက်ဆေးရုံကြီးမှလွှဲပြောင်းပေးလာသော ကူးစက်လူနာများ၊ မယ်တော်ဆေးခန်းဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့်ပတ်ဝန်းကျင်ရှိလူထုအသိုင်းအဝိုင်းများမှ ပိုးကူးစက်ခံနေရသောလူနာဦးရေ (၄၅၀) ခန့်ကို စောင့်ကြည့်လက်ခံကူညီပေးနေပါသည်။
ဤခက်ခဲသောအချိန်ကာလများအတွင်း၊ မယ်တော်ဆေးခန်း၏လူမှုအသိုင်းအဝိုင်းများနှင့် မိတ်ဆွေများ အတွက်အကူအညီ များပေးရန်စိတ်ဝင်စားကြောင်းဖော်ထုတ်ပြောပြလာ ကြသည့်သူများ စွာရှိပါသည်။ ယင်းအတွက်ကျွန်ုပ်တို့မှအလေးအနက် ကျေးဇူးတင်ရှိပါသည်။
မဲဆောက်ဆေးရုံအဖွဲ့၊ လူထုခေါင်းဆောင်များနှင့် ပြည်သူ့ကျန်းမာရေးအစိုးရ အေဂျင်စီများမှ ဘတ်ငွေ ၃၀၀၀၀၊ အစားအစားများနှင့် ရိက္ခာခြောက်များ ပေးပို့သည့်အတွက် မယ်တော်ဆေးခန်းမှ အထူးကျေးဇူးတင်ရှိပါသည်။
Gigahertz Shop GIGAHERTZ COMSQUARE CO.,LTD. နှင့် K. Pornthip တို့မှလည်း လိုအပ်သော ပစ္စည်းများ၊ ရိက္ခာခြောက်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ နှင့် Personal Protective Equipment (PPEs) ဝတ်စုံများကို လှူဒါန်းခဲ့ကြသည်။
Boonrot TV Mae Sot บุญโรจน์ทีวีแม่สอด Boonrot TV Maesot ဆိုင်မှလည်း ယခုနှစ်တွင် မယ်တော်ဆေးခန်းအား ပန်ကာများ၊ လေအေးပေးစက်များနှင့် လူသားချင်းစာနာထောက်ထေားက်ထားမှုကယ်ဆယ်ရေးပစ္စည်းများ အစရှိသောပစ္စည်းများကို ကူညီထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် ခွဲစိတ်ခန်းသုံး မျက်နှာဖုံးအဖာ ၅၀၀ ကိုလည်း ထပ်မံလှူဒါန်းပေးခဲ့သည်။
Suparat Shop หจก. สุภารัตน์ มินิมาร์ท ဆိုင်မှလည်း မယ်တော်ဆေးခန်းအလှူခံပုံးများကို ၎င်းတို့၏ဆိုင်ရှေ့တွင် ထားရှိခြင်းအားခွင့်ပြုခဲ့သည်အပြင် လက်ဆေးရည် ၂ ဖာ နှင့် အခြားသောသန့်ရှင်းရေးပစ္စည်း ၅ ဖာ ကိုလည်း လှူဒါန်းပေးခဲ့ပါသည်။
ထို့အပြင် Thammasat 1986 မှ ထိုင်းဘတ်ငွေ ၃၀၀၀၀ လှူဒါန်းပေးသည့်အတွက်လည်း မယ်တော်ဆေးခန်းမှ ကျေးဇူးတင်ရှိပါသည်။
World Vision Foundation มูลนิธิศุภนิมิตแห่งประเทศไทย - World Vision Foundation of Thailand မှလည်း မယ်တော်ဆေးခန်းအတွက် ရိက္ခာခြောက်များပါဝင်လှူဒါန်းပေးခဲ့ပါသည်။
ထို့အတူ Khun Pornthip မှလည်း လတ်ဆက်သောအစားအစာများဖြစ်သည့် ဟင်းသီးဟင်းရွက်များ၊ ကြက်သား နှင့် ကြက်ဥ စသောအစားအစာများကို ထောက်ပံ့ပေးခဲ့သည်။
ကျွနု်ပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Help Without Frontiers (HWF) Help Without Frontiers Foundation Thailand အဖွဲ့အစည်းကို လည်း မယ်တော်ဆေးခန်းအတွင်း ဝန်ထမ်းများအတွက် ရောဂါပျံ့ပွားမှုများကို ချက်ချင်းတားဆီးလုပ်ဆောင်နိုင်ရန်အ တွက် PPEs ဝတ်စုံများထောက်ပံ့ပေး ခဲ့ခြင်း ၊ ရောဂါဖြစ်ပွားသူများအတွက် အိပ်ယာခင်း ၁၅၀ ခု၊ တစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများ နှင့် ရိက္ခာ ခြောက်များကိုလည်း လှူဒါန်းခဲ့သည့် အတွက် မယ်တော်ဆေးခန်းမှ အထူးကျေးဇူးတင်ရှိပါသည်။
ထို့အတူ COVID-19 တုန့်ပြန်မှုတွင်လုပ်ဆောင်နေသော လူမှုကွန်ယက်ရှိ အခြားသော မိတ်ဖက်အဖွဲ့အစည်း များမှ လည်း မယ်တော်ဆေးခန်းအား လိုအပ်သောကူညီထောက်ပံ့မှုများအသီးသီးပေး ခဲ့ကြပါသည်။
မယ်တော်ဆေးခန်းမှ လူကြီးမင်းတို့၏ တန်ဘိုးမဖြတ်နိုင်သော ဆက်လက်ကူညီထောက်ပံ့မှုများ အား အထူးကျေးှဇူးတင်ရှိပါသည်။ကျွနု်ပ်တို့အားလုံး ယခုကြုံတွေ့နေရသောစိန်ခေါ်မှုများကို သတိရှိစွာဖြင့် ကျော်ဖြတ်သွားကြရမည်ဖြစ်ပါသည်။ ဤကဲ့သို့ခက်ခဲသောအခြေအနေတွင် လူကြီးမင်းတို့၏ ကူညီထောက်ပံ့မှု များသည် ကျွနု်ပ်တို့ လူမှုအသိုင်းအဝိုင်းအတွက် အလွန်အရေးပါသော လုပ်ဆောင်မှု တရပ်ဖြစ်ပါသည်။
ကိုဗစ်-၁၉ အခြေအနေတိုက်ရိုက်အရေးပေါ်တုံ့ပြန်လုပ် ဆောင်မှုအဖွဲ့အားအကူအညီပေးရန်စိတ်ဝင်စား သော သူများအနေဖြင့် online မှတဆင့် အလှုငွေများလွဲပေးနိုင်ပါသည်။
ဘဏ်အကောင့်အမည် (Suwannimit Foundation for Mae Tao Clinic)
အကောင့်နံပါတ် ၀၁၆ ၈ ၈၃၈၀၇၇
ဘဏ်နှင့်ဘဏ်ခွဲ - Kasikorn Bank, Mae Sot
Swift Code: KASITHBK
ဘဏ်လိပ်စာ - ၈၄/၉ Prasart Withi Rd, Mae Sot, Tak Province, 63110, Thailand
အလှုငွေများပေးရန်အတွက်ထပ်မံသိရှိရန်လိုအပ်သေးပါက အောက်ပါ စာမျက်နှာ သို့နှိပ်/ဝင်ပါ။
(https://maetaoclinic.org/how-to-help/donate/) သို့မဟုတ် Fundraising@maetaoclinic.org သို့ဆက်သွယ်ပါ။
........

Comments