ရန်ကုန်မြို့အခြေစိုက်ဟာသလူရွှင်တော်များပူးပေါင်းလုပ်ဆောင်နေတဲ့ဟာသလူငယ်ပရဟိတအဖွဲ့မှကိုဗစ်တတိယလှိုင်းကြောင့်စားဝတ်နေရေးနှင့်ကျန်းမာရေးအဆင်မပြေဖြစ်နေသည့်ပြည်သူတွေကိုအကူအညီပေးတာတွေဆောင်ရွက်နေတယ်လို့သိရပါတယ်။
"အခုကာလမှာ နာမကျန်းဖြစ်နေတဲ့ အိမ်တွေ ဝယ်ပို့ပေးတာရော အလံဖြူ အလံဝါ ထောင်တဲ့ထားတဲ့ အိမ်တွေကို အစားသောက်နဲ့ဆေးဝါးလှူတာရော လုပ်ပေးပါတယ် ဒါ့အပြင်ကို ပြည်သူအပေါင်း လူရွင်တော်အသင်းနဲ့ အတူ အောက်ဆီဂျင်နဲ့ Dead Body သယ်တာတွေပါ လုပ်နေပါတယ်ခင်ဗျာ"လို့ ဟာသလူငယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ လူရွှင်တော်ပလာတာက ပြောပါတယ်။
ဒါ့အပြင်ပြည်သူတွေအတွက်အခြေခံစားသောက်ကုန်နဲ့စားဝတ်နေရေးအတွက်လိုအပ်တာတွေအပြင်ကျန်းမာရေးအတွက်လိုအပ်တာတွေကိုလဲဆက်လက်ဆောင်ရွက်နေတယ်လို့လဲသိရပါယ်။
Comments
Post a Comment