ပုလဲတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့တော်လှန်ရေးအဖွဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ခင်အေး-နတ်ထိပ်တွင် သြဂုတ်လ ၉ ရက် ည ၁၀ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့တော်လှန်ရေးအဖွဲ့ PRA, စုပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကာ PRA ဘက်မှ ၁ ဦး ဒဏ်ရာရ (မစိုးရိမ်) ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ထံ သတင်းထုတ်ပြန်သည်။
၄ နာရီခန့်တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့အနေဖြင့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PRA ကြား ယနေ့အချိန်ထိ တိုက်ပွဲ ၆ ကြိမ်ထက်မနည်း ဖြစ်ပွားထားကြောင်း PRA ထံမှ သိရသည်။
Crd...Khit Thit Media
........
Comments
Post a Comment