Green Tea ရဲ့ ကိုယ်အလေးချိန်ကျတာကစပြီး သွေးအတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့အထိ ကျန်းမာရေးအကျိုးကျေးဇူးတွေကို လူတိုင်းသိထားကြပါတယ်။ တချို့လူတွေက Green Tea ကို အရမ်းကြိုက်နှစ်သက်ကြပါတယ်။ တစ်နေ့တာကို Green Tea နဲ့ စတင်တတ်ကြပါတယ်။ ဒါပေမဲ့ ဗိုက်ထဲအစာမရှိဘဲ Green Tea ကို သောက်သင့်ရဲ့လားဆိုတာကတော့ စဉ်းစားစရာပါပဲ။ Green Tea ကို ဗိုက်ထဲအစာမရှိဘဲ သောက်တာက ခန္ဓာကိုယ်မှာ မကောင်းတဲ့သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ဆက်လက်ဖတ်ရှုကြရအောင်..။
အစာအိမ်နာကျင်တာ၊ ဝမ်းချုပ်တာနဲ့ မအီမသာဖြစ်တာ
Green Tea မှာ အစာအိမ်နာကျင်မှုကိုဖြစ်စေတဲ့ အစာအိမ်အတွင်း အက်ဆစ်ဓာတ်တွေ တိုးလာစေနိုင်တဲ့ Tanninဓာတ် ပါဝင်ပါတယ်။ အစာအိမ်မှာ အက်ဆစ်ဓာတ်များလာတာက သင့်ကို မအီမသာဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းချုပ်တဲ့ပြဿနာတွေလည်း ကြုံတွေ့လာနိုင်ပါတယ်။ အစာအိမ်နာတတ်တဲ့သူတွေက မနက်ခင်းမှာ Green Tea ကို အရင်မသောက်ပါနဲ့။ ဗိုက်ထဲအစာမရှိဘဲ Green Tea ကို အရင်သောက်တာက အစာအိမ်နာတာကို ပိုဆိုးရွားလာနိုင်ပါတယ်။
သွေးမတိတ်ရောဂါ
ဗိုက်ထဲ အစာမရှိဘဲ Green Tea ကို သောက်သုံးတဲ့အခါ Green Tea မှာ ပါဝင်တဲ့ ဓာတ်တွေက သင့်ခန္ဓာကိုယ်မှာ သက်ရောက်မှုရှိလာပါတယ်။ သွေးတိတ်အောင် ကူညီပေးနိုင်တဲ့ ပရိုတင်းဓာတ်ကို လျော့နည်းသွားစေတဲ့ ဆိုးကျိုးရှိပါတယ်။ ဒါကြောင့် သွေးမတိတ်ရောဂါခံစားနေရတဲ့သူတွေက အစာမရှိဘဲ Green Tea ကို မသောက်သုံးသင့်ပါဘူး။
သွေးအားနည်းရောဂါခံစားနေတဲ့လူတွေကို သံဓာတ်စုပ်ယူနိုင်အားနည်းစေတယ်
Green Tea က လူခန္ဓာကိုယ်ကို သဘာဝအလျောက် သံဓာတ်စုပ်ယူနိုင်စွမ်းနည်းစေပါတယ်။ ဒါကြောင့် သွေးအားနည်းရောဂါရှိတဲ့လူတွေက Green Tea ကို မသောက်သုံးသင့်ဘူးလို့ အကြံပေးပါရစေ။ ဒါပေမဲ့ Green Tea သောက်ချင်တဲ့သူရှိရင်တော့ တစ်ခါတလေပဲ သောက်သင့်တဲ့အပြင် အစာမရှိဘဲနဲ့လည်း မသောက်သင့်ပါဘူး။
နှလုံးခုန်မြန်လာပြီး သွေးဖိအားများလာစေနိုင်တယ်
Green Tea မှာ ပါဝင်တဲ့ ကဖင်းဓာတ်က စိတ်ဖိစီးမှုဟော်မုန်းကို ထုတ်လွှတ်ပေးတဲ့ Adrenal Gland တွေကို လှုပ်ဆော်ပေးပါတယ်။ ဒါက သွေးဖိအားများလာစေပြီး နှလုံးခုန်နှုန်းမြန်လာစေပါတယ်။ နှလုံးရောဂါသည်တွေအတွက် Green Tea သောက်သုံးလို့ မကောင်းပါဘူး။ ဖြစ်နိုင်ရင် Green Tea ကို ဗိုက်ထဲ အစာမရှိဘဲ မသောက်သုံးမိစေပါနဲ့။
Green Tea ကို သောက်သုံးလို့ အကောင်းဆုံးအချိန်
Green Tea ကို မနက်ခင်းပိုင်း သောက်သုံးလို့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ မုန့်တစ်ခုခုနဲ့ သောက်သုံးပေးသင့်ပါတယ်။ သင့်ကြိုက်နှစ်သက်ရာမုန့်တစ်ခုခုနဲ့ တွဲပြီး သောက်သုံးသင့်ပါတယ်။ တချို့လူတွေက Workout မလုပ်ခင် Green Tea သောက်သုံးရတာကို ကြိုက်ကြပါတယ်။
Ref: Should you drink green tea on an empty stomach?
Crd...WL (ရိုးရာလေး)
........
Nano-Titanium | A unique microcomputer-to-electronics
ReplyDeleteThe Nanocrystals and Electron System are a new camillus titanium type of optical disc with babylisspro nano titanium hair dryer a thin and solid core. The Nano-Titanium architecture allows ford edge titanium for sale the optical disk black titanium fallout 76 to titanium blue ps4 controller spin the